မိမိတို့အကြောင်း



Yoma Fleet ကုမ္ပဏီလီမိတက် မှ Yoma Fleet Car Sales ကားလေလံဝက်ဘ်ဆိုက်

Yoma Fleet ကုမ္ပဏီလီမိတက် မှ Yoma Car Sales ကားလေလံဝက်ဘ်ဆိုက်သည် မိမိစိတ်ကြိုက်ကားမျိုးစုံကို လေလံ စနစ်ဖြင့် တနေရာတည်းတွင် ရွေးချယ်ဝယ်ယူနိုင်သည်။ဝက်ဘ်ဆိုက်ပေါ် ရှိ ကားများသည် ယခင်က Yoma Fleet နှင့်တွဲဖက်ကုမ္ပဏီများမှ ကားငှားရမ်းထားခြင်း (သို့) ကုမ္ပဏီအတွက်အသုံးပြုထား သောကား များဖြစ်ပါသည်။ Yoma Fleet မှအဓိကရောင်းချသည့် အသုံးပြုပြီးသောဗင်န်ကားများ ၊SUVsများ ၊ထရပ်ကားများနှင့် နောက်တွဲ ယာဉ်များနှင့်အခြားသော မော်တော်ယာဥ်များအားလုံးသည် ပုံမှန်ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်ပြီး ကျွန်ုပ်တို့သတ်မှတ်ထားသောသက်တမ်းပြည့်သည်နှင့် ရောင်းချခြင်းဖြစ်သဖြင့် သင်၀ယ်ယူလိုသော ကိုက်ညီသော အမျိုးမျိုးသောအချက်အလက်များနှင့် ပြည့်စုံသည့် မောင်းနှင်ပြီး အရည်အသွေးမြင့်မားသော မော်တော်ယာဉ်များကို ရှာဖွေရာတွင်လွယ်ကူစေရန် အမျိုးမျိုးသောယာဉ်များကို ရွေးချယ်ခွင့်ပေးထားပါသည်။ ထိုသို့ရောင်းချရာတွင် Ford, Hino, Hyundai, Kia, Mercedes-Benz, Mitsubishi, Nissan, Suzuki, Toyota, Volkswagen နှင့်အခြားကုမ္ပဏီများမှကားများကို ကျွန်ုပ်တို့ ကားလေလံဝက်ဘ်ဆိုက်ပေါ်တွင် လေလံ ဆွဲနိုင်ပါသည်။

Yoma Fleet Limited

Yoma Fleet Limited သည် Yoma Group အောက်တွင် ဖွဲ့စည့်းတည်ထောင်ထားသည်။ ကျွန်ုပ်တို့သည်မော်တော်ယာဉ်များနှင့်ပစ္စည်းကိရိယာများငှားရမ်းရောင်းချခြင်းကို တနေရာတည်း ပြီးပြည့်စုံအောင်ဆောင်ရွက်သည်။ Yoma Fleet အကြောင်းပိုမိုလေ့လာရန် ဤနေရာကိုနှိပ်ပါ။

Yoma Group

Yoma Group တွင် Yoma Strategic Holdings နှင့် First Myanmar Investment Public company Limited (FMI) တို့ပါဝင်သည်။Yoma Strategic Holdings သည်စင်ကာပူစတော့အိတ်ချိန်းတွင်စာရင်းဝင်ပြီး မြန်မာနိုင်ငံ တွင် အိမ်ခြံမြေလုပ်ငန်း ဟိုတယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း ကျန်းမာရေး၀န်ဆောင်မှု ၊စားသောက်ကုန်လုပ်ငန်းနှင့် မော်တော်ယာဉ်ရောင်းချရေးလုပ်ငန်းစုများပါရှိပြီး အခြားစီးပွားရေးလုပ်ငန်းများနှင့်အတူဦးဆောင်လျှက်ရှိသည်။ Yoma Fleet Limited သည်လည်း Yoma Strategic Holdings ၏ Financial Services လက်အောက်တွင် လည်ပတ်နေပါသည်။ Yoma Strategic Holdings အကြောင်းပိုမိုလေ့လာလိုပါက ဤနေရာကိုနှိပ်ပါ။

First Myanmar Investment Public Company Limited (FMI) သည်အစုရှယ်ယာပေါင်း ၈၆၀၀ ကျော်ရှိသည့်မြန်မာနိုင်ငံ၏အကြီးဆုံးအများပိုင်ကုမ္ပဏီများအနက်တစ်ခုဖြစ်ပြီးလွန်ခဲ့သော ၂၇ နှစ်တာကာလအတွင်းအမြတ်အစွန်းများရရှိခဲ့သည်။ FMI ၏အားသာချက်မှာ၎င်း၏မဟာဗျူဟာမြောက်မှု၊ ပရော်ဖက်ရှင်နယ်စီမံခန့်ခွဲမှု ကော်ပိုရိတ်အုပ်ချုပ်မှုနှင့်ပွင့်လင်းမြင်သာမှု တို့ဖြစ်သည်။ FMI အကြောင်းပိုမိုလေ့လာလိုပါက ဤနေရာကိုနှိပ်ပါ။