ဘယ်လိုအလုပ်လုပ်လဲ?



အကောင့်ဖွင့်မည်

Yoma Car Sales မှာအကောင့်တစ်ခုဖွင့်ရန် မှန်ကန်သောအီးမေးလ်လိပ်စာနှင့်လက်ရှိအသုံးပြုနေသောတယ်လီဖုန်းနံပါတ်လိုအပ်လိမ့်မည်။သင်၏အကောင့်ကိုဖွင့်ပြီးသည်နှင့်သင်သည်မည်သည့်ယာဉ်ကိုမဆိုလေလံစတင်ဆွဲနိုင်သည်။

အကောင့်ဖွင့်မည်
ကြည့်ရှုပုံ
ကြည့်ရှုပုံ

မော်တော်ယာဉ်များလေလံမတိုင်မီ (သို့) လေလံရှိချိန်မှာ ကားရှိသောနေရာတွင် အချိန်မရွေး လာရောက်ကြည့်ရှူခြင်းအား ကြိုဆိုပါတယ်။ ထိုအချိန်တွင်လေလံ၏အသေးစိတ်အချက်အလက်များကိုစစ်ဆေးပြီးစမ်းသပ်မောင်းနှင်မှုကိုလည်းစီစဉ်နိုင်ပါသည်။ ကား၏ ဝက်ဘက်ဆိုဒ်စာမျက်နှာမှ ကားလာကြည့်ရန် ချိန်းခြင်းသော်လည်းကောင်း carsales@yomafleet.com ကို အီးမေးလ်ပို့ခြင်းဖြင့်လည်းကောင်း ကြည့်ရှူရန်အတွက် ရက်ချိန်းယူ ဆက်သွယ်နိုင်ပါတယ်။

လေလံ

Yoma Car Sales တွင်လေလံဆွဲရန်အတွက် ရရှိနိုင်သည့်ကားများကို 'ကားရှာဖွေရန်' စာမျက်နှာမှ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ မော်တော်ယာဉ်များ (နှင့်ကြမ်းခင်းဈေးများ)ကို make, model နှင့်အမျိုးအစားစသည်ဖြင့် ရှာဖွေနိုင်ပါတယ်။ အခြားစံနှုန်းများကို အသုံးပြုပြီးလည်း ရှာဖွေနိုင်ပါသည်။ သင်လေလံဆွဲချင်သောကားကိုတွေ့ရှိသည်နှင့် လေလံဆွဲရန် ကြမ်းခင်းဈေးထက် အနည်းဆုံး ငွေကျပ်တစ်သိန်း ပိုမိုသောပမာဏကို ရွေးချယ်ခြင်း သို့မဟုတ် ရိုက်သွင်းပြီး လေလံဆွဲနိုင်ပါတယ်။ သင်လေလံဆွဲသည့်အခါ WavePay မှတဆင့်ငွေကျပ်တစ်သိန်းကိုစရံငွေအဖြစ်သွင်းရမည်။ လေလံအောင်မြင်ပြီးနောက်သင်အနိုင်ရပါက ရုံးဖွင့်ရက် ၄၈ နာရီအတွင်းငွေပြန်အမ်းပါမည်။ အကယ်၍ သင်သည်လေလံပွဲကိုအနိုင်ရသော်လည်းကားဝယ်ယူရန်ငွေပေးချေမှုပျက်ကွက်ပါက၊ စရံငွေဆုံးရှုံးပါလိမ့်မည်။ လေလံမအောင်သောသူများအတွက် ရုံးဖွင့်ရက်၄၈ နာရီအတွင်းငွေပြန်အမ်းပါမည်။ လေလံပွဲတွင်မည်သည့်အချိန်တွင်မဆိုသင်ယာဉ် (များ) အားကိုယ်တိုင် လာရောက် စစ်ဆေးလိုပါက carsales@yomafleet.com ကိုဆက်သွယ်ပြီး ယာဉ်ရှိရာနေရာကိုအဆင်ပြေရန်စီစဉ်နိင်ပါတယ် ကားစာမျက်နှာမှလဲ ရက်ချိန်းနိုင်ပါတယ္်။ လေလံပွဲအပြီးတွင်လေလံဆွဲအောင်မြင်သူအားစာချုပ်ချုပ်ရန်နှင့် ကားလွှဲပြောင်းရန် Yoma Car Sales ပေးမှဆက်သွယ်ပေးပါမည်။

လေလံ
ကြမ်းခင်းစျေး
ကြမ်းခင်းစျေး

Yoma Car Sales မှ ကားလေလံတိုင်းတွင် ကား၏ကြမ်းခင်းဈေးကို ဖေါ်ပြထားသည်။ ဝယ်ယူလိုသူသည် သက်မှတ်ထားသည့် ကြမ်းခင်းမှစတင်ကာ လေလံဆွဲနိုင်သည်။ အခြားဝယ်ယူလိုသူတစ်ဦးမှ ကြမ်းခင်းဈေးထပ် ပိုပြီး လေလံဆွဲပါက လေလံမပြီးဆုံးချိန် အထိ လေလံငွေတိုးမြှင့်ပေးနိုင်ပြီး နောက်ဆုံး အမြှင့်ဆုံးလေလံဆွဲပမာဏ ပေးသောသူသည် လေလံအနိုင်ရရှိမည်ဖြစ်သည်။အနည်းဆုံး လေလံဆွဲသည့်ဈေးမြှင့်နိုင်သည့်ပမာဏမှာ မြန်မာကျပ် ၁၀၀၀၀၀ (ကျပ်တစ်သိန်း) ရှိရမည်။ လေလံဆွဲသူများသည် လေလံဆွဲသည့်နှုန်းထားမြှင့်တင်ခေါ်ဆိုရာတွင် မြန်မာကျပ်ငွေ ၁၀၀၀၀၀ အောက်လျှော့နည်းနေပါက လေလံကိုမြှင့်တင်နိုင်မည်မဟုတ်ပါ။

ငွေပေးချေမှု

လေလံအောင်မြင်ကြောင်း အတည်ပြုမှုရရှိပြီးပါက ကားတန်ဖိုးကို Yoma Car Sales သို့ လွှဲပြောင်းရန်လိုအပ်သည်။ ငွေလွှဲပေးချေပြီးပါက ဘဏ်မှစာရင်းမှတ်တမ်းကို သင်၏ Yoma Car Sales အကောင်းမှတဆင့် တင်ပြနိုင်သည်။ ငွေပေးချေမှုအဝဝကို လေလံအောင်မြင်ပြီး ၄၈ နာရီအတွင်းဆောင်ရွက်ရန်လိုအပ်သည်။ ထိုသို့ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက လေလံအောင်မြင်မည်မဟုတ်ပဲ သင်၏စရံငွေ ကျပ်၁သိန်းပါ ဆုံးရှုံးမည်ဖြစ်သည်။

ငွေပေးချေမှု
ယာဉ်လက်ခံရယူခြင်း
ယာဉ်လက်ခံရယူခြင်း

သင်၏အနိုင်ရသောလေလံကားကိုထုတ်ယူရန်အဆင်ပြေမည့်အချိန်စီစဉ်ရန် carsales@yomafleet.com ကိုဆက်သွယ်ပါ။ လာရောက်ထုတ်ယူချိန်တွင်ဘဏ်မှငွေလက်ခံဖြတ်ပိုင်းနှင့်သင်၏နိုင်ငံသားမှတ်ပုံတင်ကတ်တို့ဖြင့် ရောင်းချမှုပြီးမြောက်အောင်ဆောင်ရွက်ရန်လိုအပ်မည်။ ယာဉ်ပိုင်ရှင်စာအုပ်အားအရောင်းစာချုပ်အပြီးသတ်ချုပ်ဆိုပြီးဆုံးချိန်တွင်လွှဲပြောင်းပေးမည်။

သင့်အတွက်အကောင်းဆုံးကားလေလံဆွဲစနစ်
စတင်လိုက်ပါ